Connect with us

Politics, Law & Military

၂၀၁၆ ခု မေ ၃၁ရက် အထိ လူပျောက်တိုင်ကြားမှုပေါင်း ၂၀၀ ကျော်ရှိ

၂ဝ၁၂ ခုနှစ် ဂျူလိုင် ၂၈ ရက်က ကျင်းပသည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့တက်ရောက်လာသည့် လက်ဝှေ့ကျော် မိုဟာမက်အလီအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော် ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည်တွေ့ရှိ ခဲ့ပြီး အသက် ၁၆ နှစ်အောက် အရွယ် ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းသို့ ပျောက်ဆုံးနေသည့် ကလေးငယ် ၆၁ ဦးတွင် အသက် ၁ဝ နှစ်မှ ၁၆ နှစ်ကြားရှိ အမျိုးသမီး ၄၄ ဦး၊ အမျိုးသား ၁၂ ဦးနှင့် ၁ဝ နှစ်အောက် ကလေးငယ် ငါးဦးတို့ ဖြစကြောင်း သိရသည်။ ပျောက်ဆုံးသူအများစုသည် အလည်လွန် ရာမှ ပျောက်ဆုံးခြင်း အများဆုံးဖြစ်ကြောင်း၊ လည်ပတ်စဉ် လူစုမကွဲအောင်ဂရုစိုက်သင့်ကြောင်းဆိုသည်။ ယခုနှစ်အတွင်း ၁ဝ နှစ်အောက် ကလေးငယ် လူပျောက် တိုင်ကြားမှု ပေါင်း ၁၈ မှုရှိခဲ့ရာ ကလေးငယ် ၁၃ ဦးကို ပြန်လည် တွေ့ရှိခဲ့ပြီး ကလေးငယ်များ ထပ်မံ မပျောက်ဆုံး စေရန် အုပ်ထိန်းသူ မိဘများနှင့် စာသင် ကျောင်းများမှ ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က မှုခင်း အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.