Politics, Law & Military
ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်၌ အကြမ်းဖက်သမား ၃၈ ဦး ဖမ်းဆီးထား

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ ၃၈ ဦး ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် အပြန်အလှန် ပစ်ခတ်မှုကြောင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၈၇ ဦး အသေရရှိထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်တွင်းရှိ ကျေးရွာပေါင်း (၆၀)၊ အိမ်အလုံးရေ (၆၈၄၅)လုံး မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။(Xinhua)