Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှ ထပ်တိုးသုံးစွဲရန် ဘတ်ဂျက် ငွေကျပ် ၄၇ ဘီလီယံကျော် ရန် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက် ရန်ပုံငွေ(လျာထားချက်)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဆောင်ရွက်ခဲ့မှုများအား ကော်မတီအတွင်းရေးမှူးမှ ဖတ်ကြားစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံးစွဲရန် တင်ပြမှုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က စက်တင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။

စက်တင်ဘာ ၁ ရက်တွင် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယခုဘဏ္ဍာ နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၄၇ ဘီလီယံ ထပ်တိုး သုံးစွဲရန် လျာထားကြောင်း လွှတ်တော်တွင် ရှင်းလင်းတင်ပြသွားခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ယခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့ပြီး ထပ်တိုးလျာထားချက်တွင် လမ်းဖောက်လုပ်မှုများအပြင် တိုင်းဒေသ ကြီးအတွင်းရှိ ဗဟိုအဖွဲ့အစည်းများဖြစ်သည့် အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ဥပဒေချုပ်ရုံးများကလည်း တိုးတက်သုံးစွဲနိုင်ရန် လျာထား ကြောင်း ဝန်ကြီးက တင်ပြသွားခဲ့သည်။

ယင်းအပေါ် စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် လွှတ်တော်အစည်း အဝေးတွင် ငွေကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံးစွဲရန် လျာထားချက် တင်ပြမှု ကိုဆွေးနွေးခဲ့ပြီး လွှတ်တော်က ယင်းကို အတည်ပြုပေးခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သုံးစွဲရန် မူလက ဘဏ္ဍာငွေလျာထား ငွေကျပ် ၄၂၄ ဘီလီယံဖြစ်ပြီး ယခု ထပ်တိုးသုံးစွဲရန် လျာထားငွေ တင်ပြချက် ၄၇. ၆ ဘီလီယံ အတည်ပြုခဲ့သည့်အတွက် စုစုပေါင်း သုံးစွဲမည့်ငွေမှာ ကျပ် ၄၇၁ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေးကို သြဂုတ် ၃၁ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.