Politics, Law & Military
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိမီးပွိုင့်၁၄ခုတွင်လုံခြုံရေးအထောက်အကူပြုစေရန် CCTV ကင်မရာများတိုးမြှင့်တပ်ဆင်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့အတွင်းလူစည်ကားရာနေရာများရှိမီးပွိုင်နေရာ၁၄ခုတွင်မြို့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေရန်အတွက် CCTV ကင်မရာများတိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်တပ်ဆင်နေပြီဖြစ်ကြောင်းနှင့်တစ်လအတွင်းအပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်းမြိုနယ်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။
အဆိုပါမီးပွိုင်၁၄ခုနေရာတွင် CCTV ကင်မရာများတပ်ဆင်ခြင်းလုပ်ငန်းကို၂၀၁၉- ၂၀၂၀ခုဘဏ္ဍာရေးနှစ်၊စည်ပင်သာယာရေးဘတ်ဂျက်၊ပထမသုံးလပတ်တွင်ပါဝင်သည်ငွေလုံး/ ငွေရင်းမှငွေကျပ်(၂၆ဒသမ၇၄)သန်းဖြင့်ဆောင်ရွက်နေကြောင်းသိရသည်။
ယခင်ကမီးပွိုင့်အချို့တွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် CCTV ကင်မရာများတပ်ဆင်
အသုံးပြုခဲ့ရာမှယခုအခါမြို့၏လုံခြုံရေးအတွက်တိုးမြှင့်တပ်ဆင်ခြင်းဖြစ်သည်။ထိုအပြင်ပုဂ္ဂလိကဈေးဆိုင်တစ်ချို့တွင်လည်းမိမိတို့ဆိုင်လုံခြုံရေးအတွက်ကိုယ်တိုင်တပ်ဆင်အသုံးပြုလျှက်ရှိကာ၊ဘဏ်များ၊ကုမ္ပဏီများ၊ရွှေဆိုင်များ၊စတိုးဆိုင်၊လူနေအိမ်တစ်ချို့တို့တွင်လည်းလုံခြုံရေးအတွက်မိမိတို့အစီအစဉ်ဖြင့် CCTV ကင်မရာများကို တပ်ဆင်အသုံးပြုလျက်ရှိကြောင်းသိရသည်။
ထိုသို့ CCTV ကင်မရာများတပ်ဆင်ခြင်း သည့်အဓိကမြို့၏လုံခြုံရေး နှင့်တရားဥပဒေစိုးမိုရေးအတွက်များစွာအရေးပါရုံသာမကမှုခင်းများဖော်ထုတ်ရာတွင်လည်းများစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ထိုအပြင်မြို့ပေါ်လမ်းဆုံ၊လမ်ခွများနှင့်လူစည်းကားရာအထင်ကရနေရာတစ်ချို့တွင်လည်း ဘဏ္ဍာရေးနှစ်အလိုက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)