Connect with us

Politics, Law & Military

မရမ်းကုန်းမြို့နယ် ရှိ Farmer ငွေလဲကောင်တာတွင် အသံတိတ်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

Farmer ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

သြဂုတ်လ ၅ ရက်နေ့ နံနက် ၈း၃၀ နာရီ ခန့်က မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် ၊ ပြည်လမ်း နှင့် ယိုးဒယားလမ်းထောင့် ၊ အမှတ် ၁၉၊ Farmer ငွေလဲကောင်တာ တွင်လူနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီးနောက် အသံတိတ် သေနတ် ဖြင့် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာ သို့ ပြောကြားသည်။

ဖြစ်စဉ် မှာ ယနေ့ နံနက်တွင် Farmer ငွေလဲကောင်တာသို့ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ၁ ဦးက ကောင်တာဝန်ထမ်း အမျိုးသမီး ကို ဒေါ်လာ ၃၀ ဝယ်ယူလိုကြောင်း ပြော၍ ကောင်တာ ဝန်ထမ်းမှ ထုတ်ပေးခဲ့ကြောင်း၊ ဒေါ်လာဝယ်ယူသည့် အမျိုးသားသည် ဒေါ်လာ ၃၀ အားယူပြီး အသံတိတ်သေနတ်ဟု ယူဆရသော သေနတ်ဖြင့် ကောင်တာ အပေါ်ဘက်သို့ တစ်ချက်ပစ်လိုက်ကြောင်း၊ ငွေလဲကောင်တာ ရှေ့တွင် အသင့်စောင့်နေသော ဆိုင်ကယ်ပေါ်မှ လူတစ်ယောက်သည် ၉ မိုင် လေဆိပ် ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ၎င်းတာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။

ထိုသို့ သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.