Connect with us

Politics, Law & Military

China Southern Airlines က ရန်ကုန်-ကွမ်ကျိုး -လော့စ်အိန်ဂျလိစ် ခရီးစဉ်အား စက်တင်ဘာ ၁ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်

ရန်ကုန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

China Southern Airlines က ရန်ကုန်-ကွမ်ကျိုး -လော့စ်အိန်ဂျလိစ် ခရီးစဉ်အား စက်တင်ဘာ ၁ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း China Southern Airlines-Myanmar ၏ ဩဂုတ် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ရန်ကုန်-ကွမ်ကျိုး -လော့စ်အိန်ဂျလိစ် ခရီးစဉ်အား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် လော့စ်အိန်ဂျလိစ် မှ ကွမ်ကျိုးမြို့သို့လည်ကောင်း၊ ကွမ်ကျိုးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း ပျံသန်းပြေားဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် Transit အဖြစ် ၅ နာရီသာ စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ ပြည်ဝင်ခွင့် ဗီဇာ ယူရန် မလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရန်ကုန်-ကွမ်ကျိုး -လော့အိန်ဂျလိစ် ခရီးစဉ်အတွက် အသွား၊အပြန် လေယာဉ်လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.