Connect with us

Politics, Law & Military

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ မီးလောင်ကျွမ်းမှု အကြိမ်ရေပေါင်း (၂၈) ကြိမ်ဖြစ်ပွားခဲ့ (၁၂/၁၁/၂၀၂၄ – MRTV)

-ရန်ကုန်တိုင်းဒေသကြီး ကျောင်း(၁၄)ကျောင်းမှ အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ပူဇော်သည့် (၂၂)ကြိမ်မြောက် ပဋ္ဌာန်းဒေသနာတော် အကောင်းဆုံးရွတ်ဆိုပူဇော်မှု ဆုချီးမြှင့်ပွဲကို ဗဟန်းမြို့နယ်ရှိ ပညာရေးဓမ္မာရုံတွင် ကျင်းပ (၁၂/၁၁/၂၀၂၄ – MRTV)

-၂၀၂၄ ခုနှစ် ဆောင်းသီးနှံအတွက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ငွေကျပ်(၁၄၀ ဒသမ ၀၅)ဘီလီယံ ထုတ်ချေးပေးသွားမည် (၁၁/၁၁/၂၀၂၄ – MRTV)

-မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၁၃)ရက်နေ့မှ နိုဝင်ဘာ (၁၅)ရက်နေ့အထိ ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် (၁၂/၁၁/၂၀၂၄ – MRTV)

-ကယားပြည်နယ်အစိုးရအဖွဲ့မှ ရေကြီးနစ်မြုပ်၍ လယ်ယာများ ပျက်စီးခဲ့သည့် တောင်သူများသို့ နေကြာမျိုးစေ့နှင့် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ ( ၁၂/၁၁/၂၀၂၄ – MOI )

-ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန နှင့် ဟားခါးပြည်သူ့ဆေးရုံကြီးမှ အခမဲ့ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ ( ၁၂/၁၁/၂၀၂၄ – MOI )

-ပဲခူးမြို့၊ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၄၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲ
အခမ်းအနားကျင်းပ ( ၁၂/၁၁/၂၀၂၄ – MRTV )

-ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့တွင် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ စစ်တုရင် ပြိုင်ပွဲကျင်းပ ( ၁၂/၁၁/၂၀၂၄ – MRTV )

-ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက် ( ၁၂/၁၁/၂၀၂၄ – MRTV )
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ (၁၁/၁၁/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ မလေးရှားနိုင်ငံတွင် ကျင်းပသည့် မော်တော်ယာဥ် မတော်တဆမှုဖြစ်စဥ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် Best Team Leader ဆုဆွတ်ခူးခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ
(၈/၁၁/၂၀၂၄ – MRTV)