Connect with us

Politics, Law & Military

မြန်မာနိုင်ငံ တောင်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြားအားဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ‌ တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဒီဇင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈ ရက် နေ့လယ် ၁၄း ၄၅ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ကိုကိုဇော် (ခ) ကိုဇော် မောင်းနှင်ပြီး မြတ်ကျော် လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၉၄၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကိုကိုဇော် (ခ) ကိုဇော် (၃၂) နှစ်နှင့် မြတ်ကျော် (၃၇) နှစ်တို့အား ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)