Politics, Law & Military
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဥ်းသား/အကျဥ်းသူ ၆၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြု
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံထားရသော အကျဥ်းသား/အကျဥ်းသူ ၆၀၀၀ကျော်ကို ယနေ့ (ဇန်နဝါရီ ၄ ရက်) ၌ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူ (၅,၈၆၄ ) ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင် ၊ အချုပ်ထောင်အသီးသီးရှိ အကျဥ်းသား၊ အကျဥ်းသူ (၁၄၄) ဦးကိုလည်း ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ်(၁၅) နှစ်သို့လျှော့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များအပေါ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
#လွတ်လပ်ရေးနေ့ #အကျဉ်းထောင် #မြန်မာနိုင်ငံ #လွတ်ငြိမ်းချမ်းသာခွင့်