Politics, Law & Military
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ဘိန်းဖြူဘလောက်တုံး ၄၉ ကီလိုဂရမ် သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ဘိန်းဖြူဘလောက်တုံး ၄၉ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၁၄ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ် ၁၁ ရက်က မော်တော်ယာဉ် တစ်စီးအား ရှာဖွေခဲ့ရာ အဆိုပါမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများမှာ ငွေကျပ် ၇၃၅ သန်း တန်ဖိုးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား ၃,၀၀၀ ပြားကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော အမျိုးသားများအား စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)