Politics, Law & Military
၂၀၂၅ ခုနှစ် မတ် ၁၄ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-(၆၃) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲ E sport ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ (၁၄/၃/၂၀၂၅- MRTV)
-အပူကြောင့် သစ်သီးများဆုံးရှုံးမှုမဖြစ်စေရန် တညင်းကုန်းလက်ကားဈေးတွင် တန် ၂၅၀ ဆံ့ အအေးခန်းဖြင့် ဝန်ဆောင်မှုပေးနေ (၁၄/၃/၂၀၂၅- MRTV)
-ငါးလုပ်ငန်းစခန်း (၂၅) ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောနှုန်းဖြင့် ရောင်းချပေး (၁၄/၃/၂၀၂၅- MRTV)
-ရန်ကုန်စတော့အိတ်ချိန်းတွင် ဖေဖော်ဝါရီလအတွင်းက ရှယ်ယာအရောင်းဝယ်တန်ဖိုး ကျပ် (၄၇၃) သန်း ရှိ (၁၄/၃/၂၀၂၅- MRTV)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လှုပ်ရှားမှုအခမ်းအနား တက်ရောက် (၁၄/၃/၂၀၂၅-MOI)
-ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ (၁၄/၃/၂၀၂၅-MOI)
-ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက် (၁၄/၃/၂၀၂၅-MOI)
-၂၀၂၆ အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မတ်လ (၂၇) ရက်တွင် ကျင်းပမည် (၁၄/၃/၂၀၂၅- MRTV)
-ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း နွေရာသီကျောင်းပိတ်ရက်စတင်မည့် သားသားမီးမီးတို့အတွက် မတ်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ Children Party ပွဲ ကျင်းပလျက်ရှိ (၁၄/၃/၂၀၂၅- MRTV)
-တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင် မြို့နယ်(၁၀)မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန(၁၆)ခုထားရှိပြီး ဖြေဆိုသူဦးရေ(၄,၇၀၀)ကျော် ဖြေဆိုသွားမည် (၁၄/၃/၂၀၂၅- MRTV)
#LocalNews #တက္ကသိုလ်ဝင်စာမေးပွဲ #ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #၂၀၂၆အာရှဖလား #သနပ်ခါး #ဒြပ်မဲ့ယဉ်ကျေးမှု