Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် လူငယ်စင်တာ ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ လူငယ်စင်တာကို ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက မတ် ၂၄ ရက်ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကိုမြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာ၀န်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်း လူငယ်စင်တာအတွင်း၌ စာကြည့်တိုက်၊ အင်တာနက်ခန်းမ၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ အနုပညာခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အားကစားခန်းမတို့ကို ပါ၀င်ကြောင်း သိရသည်။

လူငယ်စင်တာသည် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် လူငယ်စင်တာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားသည်။

ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့များ အချင်းချင်း မိတ်ဆက်ဆောင်ရွက်နိုင်သော လက်တွေ့ကျသည့် ယန္တရားတစ်ခုဖော်ဆောင်ပေးရ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် လူငယ်စင်တာများကို ဆက်လက်ဖွင့်လှစ် သွားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောသည်။(Xinhua)