Connect with us

Politics, Law & Military

၂၀၂၅ ခုနှစ် ဇွန် ၁ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-“အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းမည်” တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံ မီဒီယာ ဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ Park Royal Hotel ၌ ၁-၆-၂၀၂၅ ရက်၊ ယနေ့တွင် ကျင်းပလျက်ရှိ (၁/၆/၂၀၂၅-MRTV)

-တရုတ်နိုင်ငံ၌ ယခုလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပမည့် China-Asean Cup ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
(၁/၆/၂၀၂၅-MRTV)

-ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြန်လည်ဖော်ထုတ်ဆယ်ယူခဲ့သည့် ရှေးဟောင်းရေကန်များ ကန်ပြည့်သည်အထိ ရေဝင်ရောက်မှုများပြား (၁/၆/၂၀၂၅-MRTV)

-ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေထုအရည်အသွေးများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း (၁၁၄)ကြိမ် တိုင်းတာ ဆောင်ရွက်သွားမည်ဖြစ် (၁/၆/၂၀၂၅-MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး (၁/၆/၂၀၂၅- မြန်မာ့အလင်း)

-ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အဦ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင် တည်ဆောက်ပြီးစီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး (၁/၆/၂၀၂၅- မြန်မာ့အလင်း)

-လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းမြို့မှ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းသည် ငွေကျပ် သိန်းပေါင်း (၇,၀၀၀)ကျော် ရှိပြီဖြစ် (၁/၆/၂၀၂၅-MRTV)

-အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက် (၁/၆/၂၀၂၅-MRTV)

-ရန်ကုန်တိုင်းဒေသကြီး၏ ပထမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ (၁/၆/၂၀၂၅-MRTV)

-စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဖြင့် မြို့နယ်(၁၈၇) မြို့နယ်မှ တောင်သူ(၅,၈၀၀)ကျော်သို့ ချေးငွေများ ထုတ်ချေးပေးထားပြီဖြစ် (၁/၆/၂၀၂၅-MRTV)
#LocalNews #ငလျင်ဘေးဒဏ်သင့် #မိုးရာသီစုပေါင်း