Politics, Law & Military
မြန်မာနိုင်ငံအတွင်း တရားမ၀င်သစ် ၆၃ ဒသမ ၉ တန်ကျော်နှင့်အတူ တရားခံ ၁၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တစ်ပတ်အတွင်း တရားမဝင်သစ် ၆၃.၉ တန်ကျော်နှင့်အတူ တရားခံ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၁၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ သိမ်းဆည်းရမိသော ကျွန်းသစ် ၂၁ ဒသမ ၄၈ တန်ကျော်၊ သစ်မာ ၁၃ ဒသမ ၃၀ တန်ကျော်နှင့် အခြားသစ်အမျိုးအစား ၂၉ ဒသမ ၁၆ တန်ကျော်တို့ဖြစ်ကြောင်း သိရသည်။
ယင်းကာလအတွင်း မော်တော်ယာဉ် ၉ စီးနှင့် စက်ယန္တရားများ သိမ်းဆည်းရမိမှုနှင့်အတူ သံသယရှိသူ ၁၆ ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနသည် ဒေသခံပြည်သူများနှင့် ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းမျိုးစုံဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ကြောင်း သိရသည်။ (Xinhua)