Connect with us

Politics, Law & Military

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်း၊ ပြည်ပ လေ့လာသူများ ဖိတ်ခေါ်

အထွေထွေရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပ လေ့လာသူများ ဖိတ်ခေါ်သည့် ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၁၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။စက်တင်ဘာ ၁၆ ရက်စွဲဖြင့် UEC ၏ ကြေညာချက်အရ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့်လေ့လာသူများအတွက် ပြည်တွင်းလေ့လာသူများသည် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွင် ထည့်သွင်းထားသည်။ယင်း စာရွက်စာတမ်းများကို ကော်မရှင်၏တရားဝင်ဝက်ဘ်ဆိုက်မှ ကြည့်ရှုပြီး ဒေါင်းလုတ် ပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကိုလည်း စောင့်ကြည့်ခွင့်ပေးမည်ဟု UEC က ကြေညာထားကြောင်း၊ ဖိတ်ကြားချက်များကို သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် သံတမန်ဆက်သွယ်မှုပြုထားသည့် နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်သော်လည်းကောင်း ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.