Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါစစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ယင်းမိန့်ခွန်းအတွင်း (၈၁) နှစ်မြောက် တပ်မတော်နေ့သည် နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း ပေါ်ထွန်းလာခဲ့သည့် တပ်မတော်၏ ခိုင်မာသော အစဉ်အလာကောင်းများကို ဖော်ကျူးသည့် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အရာအားလုံးထက် ရှေ့တန်းတင်ကာ မိမိတို့၏ မြင့်မြတ်သော တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့၏ သာယာဝပြောရေးကို အာမခံနိုင်သည့် ခေတ်မီပြီး မျိုးချစ်စိတ်ထက်သန်သော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက် တည်ရှိသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များနှင့် စစ်ကြောင်းများက စစ်ရေးပြကွင်းအတွင်း ချီတက်အလေးပြုခဲ့ကြပြီး တပ်မတော် လေယာဉ်များနှင့် ရဟတ်ယာဉ်များကလည်း ကောင်းကင်ယံမှ ပျံသန်းအလေးပြုခဲ့ကြသည်။အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်တို့အား စတင်တော်လှန်သည့်နေ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ (Xinhua)