Politics, Law & Military
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦညီပုအား တာဝန်ပေးမည်ဟု NLD အတည်ပြု ပြောကြား
နေပြည်တော်၊ မတ် ၄ ရက် (ဆင်ဟွာ)
ရွေးကောက်ပွဲ၌ အနိုင်ရလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လာမည့် အစိုးရသစ် ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် အတည်ပြု ပြောကြား လိုက်သည်။
အဆိုပါ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာမည့် ဦးညီပုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ( ၂ ) ၌ အနိုင်ရသူ တစ်ဦးဖြစ်သည်။
ဒုတိယ သမ္မတလောင်း အမည်စာရင်းတင်သွင်းမည့်ရက် နီးကပ်လာသဖြင့် နေပြည်တော် နှင်းဆီစံအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးကို ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ မျိုးအောင်နှင့် ဦးဝင်းမြင့်တို့တက်ရောက် ဆွေးနွေးခဲ့သည်။
သမ္မတ အမည်စာရင်း လျာထားမှုအတွက် အပြင်တွင် နာမည်များ ထွက်ပေါ်နေသည့် ဒေါက်တာ ဆိုသူများလည်း မဟုတ်သလို NLD နာယက ဦးတင်ဦးလည်း မဟုတ်ကြောင်း ဦးဝင်းထိန်က စည်ပင် ဧည့်ရိပ်သာ၌ သတင်းမီဒီယာများကို အတည်ပြု ဖြေကြားသည်။ (Xinhua)