Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား ဖျက်သိမ်း

ပြည်သူ့လွှတ်တော် ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား ဖျက်သိမ်းကြောင်း ထုတ်ပြန်ကို တွေ့ရစဉ် (ဓာတ်ပုံ- Pyithu Hluttaw)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား ဖျက်သိမ်း လိုက်ကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ ယနေ့မတ် ၁ ရက်တွင် အမိန်ကြေညာစာ(၃၇/၂၀၁၆) ထုတ်ပြန် ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်သည် လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများအရ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား ယနေ့မတ် ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်၏ ကော်မရှင်အား ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား ဖေဖော်ဝါရီ ၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.