ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၇၀၅ ဦး အနက် ၆၁၇ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် အထူးအစည်းအဝေးခေါ်ယူကျင်းပရန် မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
န်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၁၇ ကြိမ်မြောက် မြန်မာ−တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် Video Conferenceစနစ်ဖြင့် ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြမှုအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွေးချယ်ကာ ဧပြီလဆန်း၌ ခန့်အပ်ရမည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေများအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ ရပ်ကွက်/ကျေးရွာနေ...
နေပြည်တော်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၂.၅ သန်းနှင့် ကျပ် သန်း ၁,၄၀၀ ခန့်ရရှိထားပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်...