Politics, Law & Military
သမ္မတဟောင်း ဦးသိန်းစိန်အား The Asia Cosmopolitan Awards(Grand Prize) ချီးမြှင့်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပါတီစုံဒီမိုကရေစီ အစိုးရ ပထမသက်တမ်းကာလ ၂ဝ၁၁ ခုနှစ် မတ်လမှ ၂ဝ၁၆ ခုနှစ် မတ်လအထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်အား Economic Research Institute for ASEAN and East Asia မှ The Asia Cosmopolitan Awards(Grand Prize) ချီးမြှင့်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ သတင်းထုတ်ပြန်သည်။
အဆိုပါ Economic Research Institute for ASEAN and East Asia သည် အာရှ၊ အရှေ့အာရှနှင့် ကမ္ဘာ့ဒေသများတွင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၌ အကောင်းဆုံး စွမ်းဆောင်နိုင် သူများအား နှစ်နှစ်လျှင် တစ်ကြိမ် ဆုများရွေးချယ်ပေးအပ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အားThe Asia Cosmopolitan Awards(Grand Prize) ဆုချီးမြှင့်ခံရမှု အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အထူးဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြ ပါရှိသည်။ (Xinhua)