Connect with us

Politics, Law & Military

ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် ၊ နံနက် ၆း၃၀ နာရီခန့်တွင် သတင်းအရ စောင့်ဆိုင်းစစ်ဆေးမှုများပြုလုပ်စဉ် ဥသျှစ်ပင်မြို့ဘက်မှ တောင်ကုတ်မြို့ဘက်သို့ ယာဉ်မောင်း ကျော်ကျော် မောင်းနှင်၍ ဥသျှစ်ပင်မြို့မှ ချစ်ဖွယ်နှင့် သက်ဝင်းဇော်တို့ လမ်းကြုံလိုက်ပါလာသည့် SKAT အမျိုးအစား ယာဉ်အမှတ်၊ 9H/—- အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ စက်သုံးဆီပီပါ ၁၈ လုံးကို တွေ့ရှိရပြီး စက်သုံးဆီပီပါ ၁၅ လုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၉၅၄,၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၇၄,၇၇၀ ခန့်)ကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.