Politics, Law & Military
Y-8 လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိ
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်းများအား ဇွန် ၂၇ ရက်နေ့ ညနေပိုင်းတွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကျန်ရှိအစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိရေးအတွက် တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံငါးဖမ်းစက်လှေများပူးပေါင်း၍ လေယာဉ်အမြီးပိုင်း တွေ့ရှိသည့်နေရာအနီး တစ်ဝိုက်၌ ပင်လယ်ပြင်အတွင်း ရာသီဥတု အနည်းငယ်ကောင်းမွန်လာသည့်အတွက် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ခဲ့စဉ် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသောနေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက သွားရောက်ရှာဖွေရာ လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း သိရသည်။(Xinhua)