Science & Technology
ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်လ်ပြေးဆွဲရေး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်နိုင်မည်မှန်း
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်သို့ မိနစ်ပိုင်းဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်မည့် ကောင်းကင်ကေဘယ်လ် စီမံကိန်း တည်ဆောက်လျက်ရှိပြီး မူလက လာမည့် သီတင်းကျွတ် လပြည့်နေ့အမီ ပြေးဆွဲနိုင်မည်ဟု အသိပေးထားရာ အချိန်မီပြီးစီး ရန် အခက်အခဲရှိသဖြင့် မူလသတ်မှတ်ရက်မှ နောက်ကျမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါစီမံကိန်းကို ဆောင်ရွက်လျက်ရှိသည့် Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေမှ မြေဧက ၁၃ ဒသမ ၅ ဧကကို သစ်တောပိုင်မြေမှ နှစ်ရှည်ငှားရမ်း စာချုပ်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုချက် ရယူကာ ကန် ဒေါ်လာ သန်း ၂ဝ ရင်းနှီးမြှုပ်နှံထား သည်ဟု သိရသည်။
ကေဘယ်လ်ပြေးဆွဲရာ လမ်း တစ်လျှောက် မလွတ်ကင်းသည့် သစ်ပင် များကို ခုတ်ထွင်ခဲ့ရပြီး ကျိုက်ထီးရိုး တောင်တော် စိမ်းလန်းစိုပြည်ရေး အတွက် သစ်ပင်မျိုးစုံ အပင် ၅ဝဝဝ ယခု နှစ်အတွင်း စိုက်ပျိုး ထားသည် ဟုပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)