Science & Technology
ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့်မရှိသေးသည့် ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးကဏ္ဍပိုမိုကောင်းမွန် ရန် ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စာတိုက်နှင့် ကြေးနန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်း က ရန်ကုန်မြို့ရှိ Novotel Hotel Max ၌ ဒီဇင်ဘာ(၆)ရက် မှ (၈)ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်နေသည့် Communicast Myanmar 2016 ပြပွဲ တွင် ပြောကြားခဲ့သည်။
ပြပွဲတွင် ပူးတွဲအခမ်းအနားအနေနှင့် Myanmar Satellite Forum အားပြသခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍအတွက် နည်းပညာသစ်များ ပြသထားခြင်း ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာသုံးကဏ္ဍများတွင် လုပ်ငန်းအောင်မြင်မှုရနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။
အဆိုပြပွဲတွင် အိုင်စီတီ၊ တယ်လီကွန်းနှင့် ဒေတာအသုံးပြုခြင်းစသည့် အခင်းအကျင်း များအား ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း(၇၀)ကျော်နှင့် စပွန်ဆာများသည်ဂြိုဟ်တု၊ ဖိုင်ဘာအာရုံခံစနစ်၊ Enterprise Solution များနှင့် Business To Business ဝန်ဆောင်မှုတွေနဲ့တွဲဖက်ပြီး အဓိကထားပြသနေကြောင်း အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းကြီးများလည်းပါဝင်ပြီး အချို့ မြန်မာကုမ္ပဏီများလည်း ပထမဆုံးအကြိမ်ပါဝင်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)