Connect with us

Science & Technology

Huawei GR5 2017 ဖုန်းသစ် အားကြိုတင်မှာနိုင်ပြီ

ဟွာဝေး GR 5 2017 အားတွေ့ရစဉ် (ဓာတ်ပုံ-- Huawei Technologies Yangon )

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

Huawei GR5 2017 ဖုန်းသစ်သည် ကင်မရာနှစ်ခုပါဝင်မည် ဖြစ်ပြီး Huawei GR5 2017 ၏ 12 MP နှင့် 2MP တို့ရှိ အနောက်ကင်မရာများဖြင့် ဝ.၃ စက္ကန့်အတွင်း autofocus ပြုလုပ်နိုင်ကြောင်း၊ မိမိရိုက်လိုသည့် အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကို မှုန်ဝါးစေသော လုပ်ဆောင်ချက်ပါဝင်ကြောင်း Huawei Technologies Yangon မှ သတင်းထုတ်ပြန်သည်။

Huawei GR5 2017 တွင် အလင်းရောင်နည်းသည့် အခြေအနေများတွင် ပိုမိုပြတ်သားမှုရရှိစေရန် အတွက် 1.25um ရှိ ကြီးမားသော အစက်အပြောက်များ၊ ပြတ်သားထင်ရှားသော ဓါတ်ပုံများအား ရရှိစေရန် လျှပ်တပြက်ရိုက်ချက်၊ manual စနစ်နှင့် အလိုအလျောက်စနစ်များ၊ များပြားစွာပါဝင်ကြောင်း သိရသည်။
အဆိုပါဖုန်း တွင် 8MP ရှိသည့် အရှေ့ကင်မရာ၊ 78 ံထောင့်ကျယ်မြင်ကွင်း အကွာအဝေးနှင့် 4P မှန်ဘီလူး ပါဝင်ပြီး panorama ပုံစံရိုက်ကူးနိုင်မည့် selfie (panoramic selfie) ပါဝင်မည်ဖြစ်ကြောင်း၊ ရှေ့ကင်မရာတွက်လည်း ရွေ့လျား selfie ဗီဒီယိုများ အတွက် 1080p ဗီဒီယိုရိုက်ကူးခြင်းများကို ပြုလုပ်နိုင်ကြောင်း သိရသည်။
ဘက်ထရီ အနေဖြင့် 3340mAh ဖြင့်ထုတ်လုပ်ထားကြောင်း သိရသည်။
Huawei GR5 2017 ဖုန်းသည် 5.5 လက်မ high-definition မျက်နှာပြင် ပါရှိကြောင်း သိရသည်။Huawei GR5 2017 ကို ၂၈၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အရောင်အနေဖြင့် ရွှေရောင် (Gold)၊ ငွေရောင် (Silver) နှင့် မီးခိုးရောင် (Grey) တို့ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ Huawei GR5 2017 ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့မှ (၉) ရက်နေ့အတွင်း Huawei Branded Shop များ နှင့် Huawei အရောင်းဝန်ထမ်းများရှိသော ဖုန်းဆိုင်များတွင် ငွေကျပ် ၃၀,၀၀၀ ကျပ်ပေးသွင်းပြီး ကြိုတင်မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.