Science & Technology
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေလမ်းပြအမှတ်အသား စိုက်ထူပေးလျက်ရှိ
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်အမှတ်အသားနှင့် ကမ်းပေါ်အမှတ်အသားများကို လအလိုက် တပ်ဆင်ပေးလျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ သိရသည်။
ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် ရေပေါ်အမှတ်အသား ၁၅ဝ၊ ကမ်းပေါ် အမှတ်အသား ၃၄ဝ၊ ဒီဇင်ဘာလတွင် ရေပေါ်အမှတ်အသား ၂၅ဝ၊ ကမ်းပေါ် အမှတ်အသား ၁၅ဝ၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ရေပေါ်အမှတ်အသား ၂၇ဝ၊ ကမ်းပေါ်အမှတ်အသား ၂၅ဝ၊ ဖေဖော်ဝါရီလတွင် ရေပေါ်အမှတ်အသား ၂၅ဝ၊ ကမ်းပေါ်အမှတ်အသား ၁၅ဝ ၊ မတ်လတွင် ရေပေါ်အမှတ်အသား ၂၅ဝ၊ ကမ်းပေါ်အမှတ် အသား ၁၅ဝ စုစုပေါင်း ရေပေါ် အမှတ်
အသား ၁၁၇ဝ၊ ကမ်းပေါ်အမှတ်အသား ၁ဝ၄ဝ အား ပြန်လည်စိုက်ထူပေးခဲ့ကြောင်းကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)