Connect with us

Science & Technology

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ် မပြတ်တောက်စေရေး ကျပ် ၁၃ ဘီလီယံကျော် သုံးစွဲမည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်ကရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးနှင့် ပြည်သူများ ဗို့အား ပြည့်ဝ တည်ငြိမ်စွာ အသုံးပြုနိုင်ရေးအတွက် ကျပ်သန်း ၁၃,၇၅၄ ဒသမ ၇၅ သုံးစွဲ ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာသို့ပြောကြားခဲ့သည်။

လျှပ်စစ် ဓာတ်အား ခွဲရုံများ၊ ဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်းများ အပါအဝင် အဆိုပါ လုပ်ငန်းများအတွက် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကျပ် ၆,၆၅၄ ဒသမ ၇၅ သန်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၇,၁၀၀ သန်း တို့ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
သတင်းစာ ရှင်းပွဲတွင် ဖြန့်ဝေထားချက်များ အရ ဆောက်လုပ်ရေး လုပ်ငန်း သုံးခု၊ ၆၆ ကေဗီ ခွဲရုံ သုံးရုံ၊ ၃၃ ကေဗီ လိုင်းအသစ် ၂၅ မိုင်၊ ၃၃ ကေဗီ ခွဲရုံ ကိုးရုံ၊ ၁၁ ကေဗီ ခွဲရုံ ၁၃၄ ရုံ၊ ၁၁ ကေဗီ လိုင်းအသစ် ၁၉၈ ဒသမ ၂၃ မိုင်၊ ခွဲရုံ ၁၃ ရုံတို့၏ ဆက်စပ် ပစ္စည်းများ လဲလှယ်ခြင်း စသည့် တည်ဆောက်ခြင်း လုပ်ငန်း ခုနစ်ခုတို့အတွက် ကျပ် ၁၃ ဒသမ ၇၅၄ ဘီလီယံကျော် အသုံးပြုမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.