Connect with us

Science & Technology

မြန်မာ-ထိုင်း အမှတ်(၂) တံတား စီမံကိန်းမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည်

တံတားစီမံကိန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့ကို ဆက်သွယ် တည်ဆောက်နေသည့် မြန်မာ-ထိုင်း အမှတ်(၂) တံတား စီမံကိန်းမှာ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည် ဖြစ်ကြောင်း ထိုင်းအမြန် လမ်းမကြီးများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါတံတား တည်ဆောက်မှု နှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေ များကို ရှင်းလင်း ဆွေးနွေးသည့် တတိယ အကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁ ရက်က တာခ့်ခရိုင်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး အပါအဝင် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဘက်မှ ၂၈ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

တံတားနှင့် ပတ်သက်သည့် လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ ၂ဝ၁၇ ခုနှစ်အတွင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။ ယင်းတံတား တည်ဆောက် ပြီးစီးသွားပါက မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု နှစ်ဆခန့် မြင့်တက် လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ တံတားအား ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ပညာရှင်များက အဓိက တာဝန်ယူပြီး တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတံတား တည်ဆောက်မှုနှင့် ပတ်သက်သည့် စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဇူလိုင်လ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.