Connect with us

Science & Technology

ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ် အကူအညီတောင်းပါက အကူအညီပေးမည်

မောင်းသူမဲ့လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် သဘာဝဘေးဆိုင်ရာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြု ဆောင်ရွက် လိုကြောင်း အကူအညီ တောင်းခံလာပါက မည်သည့် အဖွဲ့အစည်းကို မဆို သက်ဆိုင်ရာ ခွင့်ပြုချက်များဖြင့် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မောင်းသူမဲ့ လေယာဉ်များကို ရေဘေးဖြစ်ပွား ခဲ့သောနေရာများ၌ စစ်တမ်း ကောက်ယူခြင်း၊ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း အတွက် ဓာတ်ကြိုးများ သွယ်တန်းရာတွင် အသုံးပြုခြင်း၊ မိတ္ထီလာမြို့ရှိ မီးသတ် ဦးစီးဌာန နှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့တွင် အသုံးပြု ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်-မင်းဘူး-အမ်း လမ်းပိုင်း၌ တံတား တည်ဆောက်ရန် မောင်းသူမဲ့ လေယာဉ်ဖြင့် 3D ရုပ်ပုံများ ရိုက်ယူ၍ လမ်းကြောင်း ရေးဆွဲပေး သွားမည် ဖြစ်ကြောင်း စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဦးစီးဌာနမှ သိရသည်။

ထိုသို့ တိုင်းတာခြင်းများ ပြုလုပ်ရန် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ ကျောင်းသားများက ဖန်တီးထားခြင်း ဖြစ်ပြီး တံတား တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းတာခြင်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ မောင်းသူမဲ့ လေယာဉ် အသုံးပြုခြင်းကြောင့် အချိန်ကုန် သက်သာပြီး လုပ်သားအင်အား အသုံးပြုမှု ကိုလည်း လျှော့ချပေး နိုင်မည်ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)