Science & Technology
မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြစ် အတွင်းသို့ ပြုတ်ကျသွားသော မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သံမဏိကြိုးဆိုင်းများပြုတ်၍ မြောင်းမြမြစ် အတွင်းသို့ ပြုတ်ကျသွားသော မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်း များ စတင်ဆောင်ရွက်ရန် ဧပြီ ၁၁ ရက်တွင် ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ မြောင်းမြကြိုးတံတားဆယ်ယူရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ရေအနက် တိုင်းတာခြင်း၊ ရေအောက်ကြမ်းပြင်နှင့် ထိစပ် နေရာများအား ရေငုပ်စစ်သည်များဖြင့် ရေငုတ်၍ကြည့်ရှုစစ်ဆေးပြီး BUOY အမှတ် အသားပြုလုပ်ချည်နှောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရေပေါ်ပေါ်နေသော အပိုင်းများအား တန်ချိန်ဝန်ပေါ့စေမည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပြီး ဆယ်တင်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများစုဆောင်း၍ ဧပြီ ၁၉ ရက်တွင် ဆယ်တင်ခြင်းလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)