Connect with us

Science & Technology

ရန်ကုန်မြို့၌ နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်ရန် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် သွားမည်

နှစ်ထပ်လမ်းတစ်ခု တည်ဆောက်ထားမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား ကုမ္ပဏီတို့ ပူးပေါင်း၍ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်း စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် နှစ်ထပ်လမ်း စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် စတင် တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာငွေ အခက်အခဲကြောင့် တည်ဆောက်ရန် ကြန့်ကြာ နေခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်း အတွက် ကုန်ကျမည့် ငွေမှာ အပြင်ပတ်လမ်း အတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်နှင့် အတွင်း ပတ်လမ်းအတွက် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှာ ပုဇွန်တောင်၊ ရေကျော်မှစ၍ ဝေဇယန္တာလမ်း တစ်လျှောက်၊ ခရေပင်လမ်းမှ အောက် မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း မှ ကြည့်မြင်တိုင် ကမ်းနားလမ်း အတိုင်း တည်ဆောက် သွားမည်ဖြစ်ပြီး နှစ်ထပ်လမ်း ပေါ်မှ မြို့တွင်း လမ်းမများသို့ ဝင်ရောက်နိုင်ရန် အတက်၊ အဆင်းလမ်းငယ် ၁၅ ခုခန့် ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.