Connect with us

Science & Technology

ပဉ္စမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်း ပြပွဲကြီးအား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အတွင်း ကျင်းပမည်

ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲကြီးအား ဇွန်လ ၂၄ ရက်မှ ၂၇ ရက် အတွင်း ကျင်းပမည့် ဖိတ်စာအား တွေ့ရစဉ် (ဓာတ်ပုံ-UMFCCI)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း (၁၆) နိုင်ငံပါဝင် ပြသမည့် ပဉ္စမအကြိမ်မြောက် မြန်မာ့အပြည်ပြည် ဆိုင်ရာ ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲကြီး (MTG-2016) ကို ၂၀၁၆ ခုနစ် ဇွန်လ (၂၄) ရက်မှ (၂၇) ရက်အတွင်း ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သတင်း ထုတ်ပြန်သည်။

နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ပြပွဲပြသသူ (၁၆၀) ဦးတို့က စုစည်းပြီး ကမ္ဘာ့အနှံ့မှ ချည်မျှင်နှင့် အထည်အလိပ် ကုမ္ပဏီများကို ၎င်းတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်များနှင့် နည်းပညာများအား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဤပြပွဲကြီးတွင် ချည်မျှင်နှင့် အထည်အလုပ်ငန်းတွင် နာမည်ကြီးနိုင်ငံများ ဖြစ်သည့် ဂျာမဏီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန် ပြည်ထောင်စု၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ တပြိုင်နက် ပါဝင်ပြသသွားမည် ဖြစ်ပါသည်။ အပ်ချုပ်စက်၊ ပန်းထိုးစက်၊ ချည်ထိုးစက်၊ ဗိုင်းငင်စက်၊ ယက္ကန်းစက်၊ ဖိစက် အမျိုးအစား စုံလင်စွာ ပြသမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ ထိပ်တန်း စက်မှုအသင်းကြီးများကလည်း ဤပြပွဲကြီးကို ထိထိ ရောက်ရောက် ဝိုင်းဝန်း ပံ့ပိုးသွားကြမည် ဖြစ်ကြောင်း၊ ၎င်းတို့အနက် ထိုင်ဝမ်စက်ပစ္စည်း လုပ်ငန်းအသင်း (TAMI) ၊ ထိုင်ဝမ် အပ်ချုပ်စက် အသင်း (TSMA)၊ ကိုရီးယား စက်ချုပ်အသင်း (KOSMIA) နှင့် ချည်ထည် ပြည်ပပို့ကုန် မြှင့်တင်ရေး ကောင်စီ (TEXPROCIL) တို့ ပါဝင်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.