Science & Technology
ရေးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်တွင် လျှပ်စစ်မီးစတင်ဖြန့်ဖြူး

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကျေးရွာ ၂၀ခန့်ကို BEDOK ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈ သန်း ရင်းနှီးမြှုပ်နှံကာ မီးစတင် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
နှစ်ကရင်ရွာနှင့် သပြေရွာသစ်ကို လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးရေး အခမ်းအနားကို ဧပြီ ၉ ရက်တွင် ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)