Science & Technology
Huawei ဟန်းဆက်များ တရားဝင်ဟုတ်မဟုတ်ကို IMEI Code ဖြင့် စစ်ဆေးနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဈေးကွက်ထဲတွင် Huawei ဟန်းဆက်အဟောင်းများကို ပြန်လည်ပြုပြင်၍ ရောင်းချနေမှုများ ရှိနေသည်ကို တွေ့ရသဖြင့် Huawei သုံးစွဲသူများအနေဖြင့် တရားမဝင်ဟန်းဆက်များ၊ အရည်အသွေးမမီသော ဟန်းဆက်များကို ဝယ်ယူမိသော ဖြစ်ရပ်များမဖြစ်ပွားစေရန် Huawei ဟန်းဆက်များ တရားဝင်ဟုတ်မဟုတ်ကို IMEI Code ဖြင့် စစ်ဆေးနိုင်ကြောင်း Huawei Technologies (ရန်ကုန်) မှ သတင်းထုတ်ပြန်သည်။
စစ်ဆေးနိုင်သောနည်းလမ်းများမှာ*#06# ကို နှိပ်ပါက IMEI Code ထွက်လာမည်ဖြစ်ကြောင်း၊ ထို IMEI Code နှင့် Handset ဘူးခွံမှာပါဝင်သော IMEI Code နှင့် တိုက်ကြည့် ၍ တူညီနေပါက တရားဝင်အလုံးဖြစ်ကြောင်း သိရသည်။
ဘူးခွံမှာပါသော QR Code အား wechat (သို့) viber တို့နှင့် scan ဖတ်၍လည်းကောင်း (သို့) http://consumer.huawei.com/mm/support/warranty-query/index.htm ကို ရိုက်နှိပ်၍သော်လည်းကောင်း Huawei ဝဘ်ဆိုက်၏ IMEI စစ်ဆေးသောနေရာကို ဝင်ရောက်နိုင်ကြောင်း သိရသည်။
စုံစမ်းမေးမြန်းလိုပါကIMEI/MEID/MAC/SN နံပါတ်များကိုရိုက်ထည့်ပါဆိုသည့် နေရာတွင် IMEI Code အား ရိုက်နှိပ်စစ်ဆေးနိုင်ကြောင်း၊ တရားဝင်အလုံးမဟုတ်ပါက ဝမ်းနည်းပါတယ်၊ မိတ်ဆွေစုံစမ်းလိုသောပစ္စည်းမှာ Huawei မှ တရားဝင်တင်သွင်းထားသောပစ္စည်းမဟုတ်ပါ ဟု ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
Huawei Device Myanmar ရဲ့ Marketing Director ကိုအောင်မိုးထူးက “အခုဈေးကွက်ထဲမှာ တချို့ မှောင်ခိုတင်သွင်းခါနီးထုတ်ကုန်တွေကို နယ်စပ်မှာ ဖမ်းမိတာတွေကို တွေ့ရပါတယ်။ အဲ့ဒီအတွက် သုံးစွဲသူတွေအနေနဲ့ မှားပြီးဝယ်မိတယ်ဆိုရင် အရည်အသွေးမမီတာတွေ၊ ရသင့်တဲ့အာမခံချက်၊ ဝန်ဆောင်မှုမရတာတွေ စတဲ့နစ်နာမှုတွေ ကြုံတွေ့နိုင်ပါတယ်။ Huawei သုံးစွဲသူတွေအတွက် အဲ့ဒီလိုမျိုးတွေမဖြစ်စေဖို့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ပြုလုပ်ပေးထားပါတယ်။ အခုလို စစ်ဆေးရင်းနဲ့ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လဲ ကျွန်တော်တို့ရဲ့ Hotline နံပါတ်ဖြစ်တဲ့ 01-9000900 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ” ဟု ပြောကြား ခဲ့ပါတယ်။ (Xinhua)