Social
စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား လုံလောက်မှု ရှိစေရန် သဘာဝ ဓာတ်ငွေ့ ရောင်းချသည့် နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စက်မှု ဇုန်များတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိစေရေး အတွက် မြန်မာနိုင်ငံက သဘာဝ ဓာတ်ငွေ့ရောင်းချထားသော နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန် တိုင်းဒေသကြီးသည် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုး တိုးတက်မှု အများဆုံး ဖြစ်ကြောင်း၊ လျှပ်စစ် စွမ်းအား ရယူ သုံးစွဲမှု အနေဖြင့် နိုင်ငံတစ် နိုင်ငံလုံး၏ ထက်ဝက်ခန့်သုံးစွဲနေခြင်း ဖြစ်သော်လည်း ယခု အချိန်ထိ စက်မှုဇုန်များ လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန်သည် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် အကြီးဆုံး စက်မှုဇုန် ဖြစ်ကာ မြေဧကပေါင်း ၁၄၀၀ နှင့် စက်ရုံကွက်ပေါင်း ၇၀၀ ကျော် ရှိပြီး လုပ်ငန်း လည်ပတ်နေသည့်စက်ရုံပေါင်း ၆၆၀ ရှိကြာင်းနှင့် မီတာ ထိန်းသိမ်းခ အဖြစ် နှစ်စဉ် ငွေကျပ်သိန်းပေါင်း ၁၀,၀၀၀ ခန့် ပေးဆောင်နေရကြောင်း စက်မှုဇုန်မှ သိရသည်။
စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိပါက ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့နည်းနိုင်မည် ဖြစ်သည့် အတွက် ယခုကဲ့သို့ ညှိနှိုင်းရခြင်း ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)