Connect with us

Social

ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ လူငယ်များ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု အစီအစဉ်သို့ မြန်မာ ထူးချွန် ကျောင်းသား/သူများ သွားရောက်

တရုတ် နိုင်ငံ ရှန်ဟိုင်းသို့သွားရောက်မည့် မြန်မာ ကျောင်းသား/သူများ ၊ အဖွဲ့ဝင်များနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို ့၌ ကျင်းပ ပြုလုပ်မည့် ၁၂ ကြိမ်မြောက် ရှန်ဟိုင်း အပြည်ပြည် ဆိုင်ရာ လူငယ်များ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု (The 12th Shanghai International Youth Interactive Friendship Camp) အစီအစဉ်သို့မြန်မာနိုင်ငံမှ ထူးချွန် ကျောင်းသား/သူ ၅ ဦး အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၇ ဦး သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

၁၂ ကြိမ်မြောက် ရှန်ဟိုင်း အပြည်ပြည် ဆိုင်ရာ လူငယ်များ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု အစီအစဉ်အား ဇူလိုင်လ ၁၂ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ထိုအစီအစဉ် အတွင်း အသင်းလိုက် လှုပ်ရှားမှုများ ၊ ပြိုင်ပွဲ ၊ ပြပွဲ အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ် နှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ရှန်ဟိုင်း ပတ်ဝန်းကျင် လေ့လာရေးနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ် အနေဖြင့် ထူးချွန်ကျောင်းသားများကို စေလွှတ်ခြင်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တည်တံ့၍ ပြည်သူ အချင်းချင်း နားလည်မှုများမှ တဆင့် ချစ်ကြည်ရင်းနှီးမှုများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောသည်။
ရှန်ဟိုင်း အပြည်ပြည် ဆိုင်ရာ လူငယ်များ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု အစီအစဉ်သို့နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကျောင်းသား/သူများလည်း ပါဝင်ကြမည် ဖြစ်ပြီး အစီအစဉ်အတွင်း တရုတ်နိုင်ငံရှိ နေအိမ်များတွင် နေထိုင်၍ နေထိုင်မူ ပုံစံများကို လေ့လာရမည့် Home Stay အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
“မြန်မာ အသင်း အနေနဲ့သြင်္ကန်အကနဲ့ထာဝရ သစ္စာ ဆိုတဲ့ သီချင်းနဲ့ကဖို့အက ၂ ခု စီစဉ် ထားပါတယ်။ ပန်းချီလည်း My Hometown ဆိုတဲ့ ခေါင်းစဉ်နဲ့ပန်းချီဆွဲရတဲ့ အစီအစဉ်လည်း ပါပါတယ်။ အဲဒီ အတွက်လည်း ပြင်ဆင် ပြီးသွားပါပြီ။ ကိုယ့်နိုင်ငံနဲ့ဆိုင်တဲ့ ပြခန်းတွေ ပြသရမှာ ဖြစ်တဲ့ အတွက် မြန်မာယဉ်ကျေးမှု အနုပညာ လက်ရာတွေကို စုံစုံလင်လင် ပြသနိုင်ဖို့ပစ္စည်းတွေ ယူဆောင်သွားပါတယ်။ အသင်း အနေနဲ့မြန်မာနိုင်ငံ ဂုဏ်ကို ဆောင်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်”ဟု မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား/သူများအား ဦးဆောင်သွားမည့် ဆရာမ က ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံ ပီကင်း နှင့် နန်ကျင်း မြို့များတွင် ဇူလိုင်လ ၁၀ ရက်မှ ၁၇ ရက်ထိ ကျင်းပ ပြုလုပ်သော လူငယ်ယဉ်ကျေးမှု နှီးနောဖလှယ်ပွဲသို့မြန်မာနိုင်ငံမှ ကျောင်းသား/သူ ၁၀ ဦး နှင့် ဆရာမ ၂ ဦးအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.