Social
အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်မည့် ၁,၀၀၀ ကျပ်တန် အောင်ဘာလေထီ ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ရောင်းချမည်

ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)
အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်မည့် (၁) ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ဖေဖော်ဝါရီ လ ၁ ရက်မှ စတင် ရောင်းချသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ကျပ်သိန်း ၁၀,၀၀၀ ချီးမြင့်မည့် ၂၄ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ် များကိုလည်း ပူးတွဲ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀၀၀ ကျပ်တန် အောင်ဘာလေထီစာအုပ် ရောင်းချရငွေ အပေါ် ခွဲေ၀ ချီးမြှင့်မည့် ဆုမဲ စာရင်းများကို ထီဖွင့်ပွဲ မတိုင်မီတွင် ထပ်မံ ကြေညာ ပေးသွားမည် ဖြစ်ကြောင်း ၊ ၁၀၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ်မှာ အလျား ၁၃.၈ စင်တီမီတာ ၊ အနံ ၆.၄ စင်တီမီတာ ရှိကြောင်း သိရသည်။(Xinhua)