Social
ဦးပိန်တံတား အကြီးစား ပြုပြင်မှုလုပ်ငန်း ၄၅ ရာခိုင်နှုန်း ပြီးစီး
ရန်ကုန်၊မေ ၂၉ ရက် (ဆင်ဟွာ)
ဦးပိန်တံတား အကြီးစား ပြုပြင်မှုလုပ်ငန်း လက်ရှိ အချိန်တွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး တိုင်လုံးများ အားလုံး လဲလှယ် ပြီးပါက နောင်နှစ်ပေါင်း ၄ဝ ကျော်ထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း တံတားပြုပြင် ထိန်းသိမ်းရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တောင်သမန် တံတားရှိ ပျက်စီးယိုယွင်း နေသည့် တိုင်လုံးများနှင့် ထုပ်၊ လျှောက်တန်း များကို ဧပြီလ မတိုင်မီက စတင်၍ ပြုပြင်ခဲ့ရာ ယခုလက်ရှိ အချိန်တွင် တံတား အနောက်ဘက် ထိပ်မှ ဒုတိယဇရပ်ထိ အခန်းပေါင်း ၄ဝ တွင် တိုင်လုံးပေါင်း ၁ဝဝ ကျော် နှင့် ထုပ်၊ လျှောက်တန်း များကို လဲလှယ်ပြီးစီး နေပြီဖြစ်ပြီး လက်ရှိတွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆက်ပြောပြသည်။
ထို့ပြင် လက်ရှိတွင် ဦးပိန်တံတား အရှေ့ဘက်ခြမ်းကို ဆက်လက် ပြုပြင်လျက် ရှိရာ တိုင်လုံးပေါင်း ၈ဝ ကျော်ကို အစားထိုး ပြုပြင်လျက် ရှိကြောင်း၊ အဆိုပါ တံတား ပြုပြင်ရန် ပိတ်ထားသည့် အနောက်ဘက် ခြမ်းကိုလည်း ပြန်လည်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး ခရီးသွား ဧည့်သည်များ တံတားပေါ်မှ သွားလာ နိုင်တော့မည် ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)