Social
စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ သောက်သုံးရေ ရရှိရေးအတွက် လုပ်ဆောင်ပေးသွားမည်

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရိုင်(၄)ခုရှိ မြို့နယ် (၁၇)မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ဒေသများ သောက်သုံးရေ ရရှိရေးကို နည်းလမ်း (၅)သွယ်ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် ရေရရှိရေး လုပ်ငန်းများတွင် ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်း ခရိုင်အတွင်း ရေကန်ငယ် (၆)ခု၊ မိုးရေစုကန် (၃)ခုနှင့် တိမ်ကောရေကန် ပြန်လည်တူးဖော်ခြင်း (၁)ခုနှင့် တစ်ဖက်ရပ်ဆည် တည်ဆောက်ခြင်း လုပ်ငန်း(၁)ခု တို့ကို လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)