Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ သောက်သုံးရေ ရရှိရေးအတွက် လုပ်ဆောင်ပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ သောက်သုံးရေ ရရှိရေးအတွက်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရိုင်(၄)ခုရှိ မြို့နယ် (၁၇)မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ဒေသများ သောက်သုံးရေ ရရှိရေးကို နည်းလမ်း (၅)သွယ်ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် ရေရရှိရေး လုပ်ငန်းများတွင် ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်း ခရိုင်အတွင်း ရေကန်ငယ် (၆)ခု၊ မိုးရေစုကန် (၃)ခုနှင့် တိမ်ကောရေကန် ပြန်လည်တူးဖော်ခြင်း (၁)ခုနှင့် တစ်ဖက်ရပ်ဆည် တည်ဆောက်ခြင်း လုပ်ငန်း(၁)ခု တို့ကို လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.