Connect with us

Social

ဆီမီး ဖိုင်နယ် တက်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ အသင်းနှင့် ဗီယက်နမ် ယူ-၁၉ အသင်းတို့ ယနေ့ ယှဉ်ပြိုင် ကစားမည်

မြန်မာ ယူ-၁၉ အသင်း (ဓာတ်ပုံ-MFF)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ညနေ ဒေသ စံတော်ချိန် ရး၀၀ နာရီ (မြန်မာ စံတော်ချိန် ၆း၃၀)တွင် အုပ်စုတွင်း ပြိုင်ဘက် ဗီယက်နမ် အသင်းနှင့် ဆီမီး ဖိုင်နယ် တက်ရောက် နိုင်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ယနေ့ သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာအသင်း ပါဝင်လျှက် ရှိသည့် အုပ်စု (ခ) အတွင်း မြန်မာ၊ ဗီယက်နမ်၊ မလေးရှား အသင်း သုံးသင်းမှာ ရမှတ် (၇) မှတ်စီဖြင့် အုပ်စုမှ လွတ်မြောက် နိုင်ရေး အပြိုင်ဖြစ်လျှက် ရှိသည်။ လက်ရှိတွင် ဂိုးကွာခြားချက် အပေါ် မူတည်ပြီး ဆုံးဖြတ်ထားမှု အရ ဗီယက်နမ် အသင်းက အုပ်စုကို ဦးဆောင်နေပြီး မလေးရှားက ဒုတိယ၊ မြန်မာ အသင်းက တတိယ နေရာတွင် ရှိနေသည်။

“မလေးရှား အသင်းက ပွဲကုန်သွားပြီ ။ ဒါကြောင့် ဒီနေ့ ပွဲစဉ်မှာ မြန်မာ အသင်းက ရမှတ် တစ်မှတ် ရရှိပါရင် ဆီမီး ဖိုင်နယ်သို့ တက်ရောက် နိုင်မှာဖြစ်တယ်။ ဗီယက်နမ် အသင်းကတော့ ဂိုး ကွာခြားချက် အသာရ နေတဲ့အတွက် နောက်တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ သေချာသလောက် ရှိနေပါပြီ။ တစ်ဘက် အုပ်စုမှ အုပ်စုဗိုလ် ထိုင်းအသင်းကို ရှောင်လွှဲနိုင်ဖို့ အတွက် အားစိုက် ကစားလာဖွယ် ရှိနေလို့ ဒီနေ့ပွဲကတော့ အကြိတ်အနယ် ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်တယ်’’ ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ ကပြောသည်။

မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့သည် လာအိုနိုင်ငံ ဗီယန်ကျင်း မြို့ရှိ အမျိုးသား အားကစား ကွင်းကြီးတွင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ယင်းပွဲစဉ်ကို MRTV Entertainment ရုပ်သံလိုင်းမှ ညနေ ၆း၃၀ နာရီတွင် တိုက်ရိုက် ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အွန်လိုင်းမှ ကြည့်ရှုမည့် ပရိတ်သတ်များ အနေဖြင့် မြန်မာ အသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲစဉ်ကို http://live-tv.me/lao-national-television-live
http://m.youtube.com/watch?v=UWrYbf56azE
http://www.myanmartvchannel.com/mrtv-entertainment.html
http://livestream.com/accounts/6009836/events/4300365 စသည့် Link များမှ တိုက်ရိုက် ကြည့်ရှု နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.