Connect with us

Social

တတိယအကြိမ် နိုင်ငံတကာခရီးသွား ပြပွဲတွင် ပြခန်းပေါင်း ၇၀ ကျော်ပြသ

တတိယအကြိမ် နိုင်ငံတကာခရီးသွား ပြပွဲဖွင့်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် နိုင်ငံတကာခရီးသွား ပြပွဲ (3rd Myanmar International TravelMart- MITM 2017) တွင် ပြခန်းပေါင်း ၇ဝ ကျော်ပါဝင် ပြသထားကြောင်း သိရသည်။

အဆိုပါ တတိယအကြိမ် နိုင်ငံတကာခရီးသွား ပြပွဲတွင် Outbound လိုင်စင်ရ ခရီးသွား ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းများ၊ ဟိုတယ်များ၊ ပြည်ပဆေးရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီ

များ၊ ဘဏ်များ၊ Telecom များ၊ ပို့ဆောင်ရေး လုပ်ငန်းများမှ ပြခန်းပေါင်း ၇ဝ ကျော်ပါဝင် ပြသထားပြီး ပြပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နှင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် မှ ညနေ ၆ နာရီ အထိ ပြသမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ခရီးသွားပြပွဲကို ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် ၌လည်း ကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက် တွင် မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခုတတိယ အကြိမ်ကို ရန်ကုန်မြို့၌ ပြန်လည်ကျင်းပ ခြင်းဖြစ်သည်။ ပြပွဲတွင် Lucky Draw အစီအစဉ်များ၊ ခရီးသွားခြင်း အနုပညာ Tall Show အစီအစဉ်များ၊ Destination ပြသခြင်း အစီအစဉ်များ အပြင် အခြားဝန်ဆောင်မှုများလည်း ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.