Social
ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်သီးသန့် အရောင်းဆိုင်များဖွင့်လှစ်ရန်စီစဉ်
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်သီးသန့် အရောင်းဆိုင်များကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တိုင်း၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး အစုရှယ်ယာ ရှင်များ ပါဝင်ရန်ဖိတ်ခေါ်လျက်ရှိကြောင်း အဆိုပါ အော်ဂဲနစ်ဈေးကွက် ဖော်ဆောင်ရေးအဖွဲ့မှ သိရသည်။
အစုရှယ်ယာတစ်စုလျှင် ငွေကျပ်ငါးသိန်းနှုန်းဖြင့် မိမိတို့တတ်နိုင်သည့် အစုရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း သိရသည်။
အမျိုးသားကျန်းမာရေး၊ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အော်ဂဲနစ်စိုက်ပျိုးသော တောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်သီးသန့် အရောင်းဆိုင်များကို နေရာအနှံ့အပြား ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး လက်ရှိ အော်ဂဲနစ်သီးနှံများ ရောင်းချရာတွင် အမြတ်အစွန်းရှေ့တန်းမတင်ဘဲ လူထုကျန်းမာရေးကို ရှေးရှု၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ဆက်လက်ဖွင့်လှစ်သွားမည့် ဆိုင်များကို အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေး စိတ်ပါဝင်စားသူများနှင့် ပူးပေါင်းလုပ်ဆောင်လိုသဖြင့် အစုရှယ်ယာရှင်များအား ထပ်မံ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်သီးသန့် အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ဖွင့်လှစ်ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များတွင်လည်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)