Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်များကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည်

လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးမည့် လူမှုရေး ပင်စင်များကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကောက်ယူထားသော စာရင်းအရ အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၄၂ဝ၂ ဦးရှိကြောင်း၊ ဘိုးဘွား များအနေဖြင့် လစဉ် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် သုံးလအတွက် ငွေကျပ် ၃ဝဝဝဝ ရရှိမည်ဖြစ်ကြောင်း၊ ယင်းလူမှုရေးပင်စင် မှာ ပမာဏအားဖြင့် များပြားခြင်းမရှိ သော်လည်း အဘိုးအဘွားများအတွက် လှူရေးတန်းရေးတွင် အထောက်အပံ့ဖြစ် စေလိမ့်မည်ဖြစ်ကြောင်း ဦးမျိုးဆက်အောင်က ဆက်လက် ရှင်းပြသည်။

အဆိုပါ ဘိုးဘွားများအား လူမှုရေး ပင်စင်များကို ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဘဏ်များ၊ ငွေလွှဲများ နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။

မေ ၁ ရက်တွင် အသက် ၉ဝ နှစ်ရှိ သည့် သက်ကြီးဘိုးဘွားများအနေဖြင့် လူမှုရေးပင်စင်များကို သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံချက် တို့ဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့ လိပ်မူ၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဖုန်း နံပါတ်များဖြစ်သည့် ဝ၁-၅၅၂၉၂၇၊ ဝ၁-၅၅၂၉၅၇ နှင့် ဝ၉-၅ဝ၁၁၄၄ဝ တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.