Connect with us

Social

နတ်မတောင်သို့ နိုင်ငံခြားသား ဝင်ကြေး လေးနှစ်အတွင်း ကျပ် ၂၅ သန်းကျော် ရရှိ

သယံဖာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ရဲမြင့်ဆွေ လွှတ်တော်၌ ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ခေါ်နူးစုမ် ခေါ် နတ်မတောင် အမျိုးသား ဥယျာဉ်သို့ လာရောက်လေ့လာကြသော နိုင်ငံခြားသားများ အား ၂၀၁၄ ခုနှစ် အောက်တိုဘာလ မှ စ၍ ဝင်ကြေးများ ကောက်ခံခဲ့ရာ ၂၀၁၈ အောက်တိုဘာလ အထိ ကျပ်ငွေ ၂၅ ဒသမ ၀၅ သန်း ရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ဖြေကြားခဲ့သည်။

“၁၉၉၄ မှာ ပြဌာန်းခဲ့တဲ့ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာ၀ နယ်မြေ များ ထိန်းသိမ်းရေး ဥပဒေမှာ သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ၌ ခရီးသွား လုပ်ငန်းဆိုင်ရာ အခ ကြေးငွေများ ကောက်ခံနိုင်ခွင့် ပြဌာန်းထားမှု မပါခဲ့လို့ သစ်တောဦးစီးဌာနနဲ့အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးးမှူးရုံးတို့က ကောက်ခံခြင်း မပြုလုပ်ခဲ့ပါ၊ သို့ရာတွင် အမျိုးသား ဥယျာဉ်အတွင်း ထိန်း သိမ်းရေး လုပ်ငန်းများအတွက် ပြန်လည် သုံးစွဲနိုင်ဖို့ ၂၀၁၄ ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ ချင်းပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံခြားသား ဧည့်သည်တစ်ဦးကိုဝင်ကြေး ကျပ် တစ်သောင်း၊ သို့မဟုတ် အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံခဲ့Mကလို့ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ဒေါ်လာ ၂၃၁၀ ကောက်ခံရှိခဲ့ကြောင်း သိရပါတယ်” ဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်၏ အမေးကို ဖြေကားရာတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ် သည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင် မေးမြန်းနေစဉ် (ဆင်ဟွာ)

၂၀၁၈ မေလ ၂၁ ရက်နေ့၌ အတည်ပြုပြဌာန်းခဲ့သည့် ဇီ၀ မျိုးစုံ မျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ – ပုဒ်မ ၁၃ (စ)အရ “ သစ်တောဌာန ညွှန်ကြား ရေးမှုးချုပ်သည် ဝန်ကြီး၏ သဘောတူညီချက်ဖြင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများတွင် ဝင်ကြေး နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြား အခ ကြေးငွေများ သတ်မှတ်ကောက်ခံရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်သည်” ဟု ဖော်ပြပါရှိပြီး နည်းဥပဒေများလည်း ရေးဆွဲလျက်ရှိကြောင်း၊ လက်ရှိ အခြေ အနေတွင် အမျိုးသား ဥယျာဉ် ဝင်ကြေးကောက်ခံခြင်း၊ ရန်ပုံငွေစာရင်း ဖွင့်လှစ်ခြင်း၊ သုံးစွြဲခင်းနှင့် စာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က ကြီးကြပ် ဆောင်ရွက်လျက် ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။

အမြင့်ပေ ၁၀၅၀၀ ရှိသော ဒေသ အခေါ် “ခေါ်နူးစုမ်” အမည်ရှိ နတ်မတောင်ကို ဗြိတိသျှ ကိုလိုနီ ခေတ်တွင် ဝိတိုရိယတောင်ဟု ခေါ်တွင်ခဲ့ပြီး လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းတွင် နတ်မတောင်ဟု သတ်မှတ် ခေါ်တွင်လာခဲ့ကြသည်။ ယခုအခါ ဒေသခံပြည်သူများက သမိုင်းကြောင်းအရ အဓိပ္ပါယ် ပြည့်ဝသော မူလ အမည် “ခေါ်နူးစုမ်” သို့ ပြန်လည် ပြောင်းလဲစေလိုကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်က မေးမြန်း တင်ပြထားခြင်းအပေါ် ဒုတိယ ဝန်ကြီးက ဒေသအခေါ် ခေါ်နူးစုမ် ဟူသည့် အမည်ကို နိုင်ငံတော် ပြန်တမ်း ထုတ်၍ ပြောင်းလဲ သုံးစွဲနိုင်ရန် ဒေသခံ ပြည်သူ လူထု၏ သဘောထားများ တောင်းခံ ရယူပြီး ဒေသခံ လူထု၏ သဘော ဆန္ဒနှင့် အညီ ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့သို့ ထောက်ခံ တင်ပြရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး အမည်ပြောင်းလဲခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.