Connect with us

Social

တရုတ်ပြည်သူ့သမ္မတနိုင်ငံက NRPC သို့ ဒေါ်လာ သုံးသိန်း လှူ

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ အထူးသံတမန် Mr. Sun Guoxiang နှင့် အဖွဲ့  ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလှူငွေ ဒေါ်လာ သုံးသိန်း ပေးလှူခြင်း အခမ်းအနား ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) တွင် ယနေ့နံနက် ကျင်းပခဲ့ သည်။

အဆိုပါ အခမ်းအနား၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အထူးသံတမန် Mr. Sun Guoxiangက အလှူ ငွေ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အတွင်းရေးမှူး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက် လာသော NRPC ဒုတိယ ဥက္ကဋ္ဌ ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော် တင့်ဆွေက အလှူငွေကို လက်ခံရယူခဲ့ပြီး အထူးသံတမန် Mr. Sun Guoxiangအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

အလှူငွေကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လက်ခံရယူစဉ် (ဆင်ဟွာ)

အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ဂုဏ်ပြုလွှာကို အထူးသံတမန် Mr. Sun Guoxiang က လက်ခံ ရယူစဉ် (ဆင်ဟွာ)

အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ငွေလှူဒါန်းပွဲ အခမ်းအနား မကျင်းပမီ အထူးသံတမန် Mr. Sun Guoxiang နှင့်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့် ဆွေအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.