Connect with us

Social

နိုင်ငံတော် သမ္မတက အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆုများ တက်ရောက် ချီးမြှင့်

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ခေတ်အဆက်ဆက် ပုံစံမျိုးစုံဖြင့် ပေါ်ထွန်းခဲ့သည့် စာပေများမှာ မြန်မာ စာပေ နှင့် ယဉ်ကျေးမှု အဆင့်အတန်း ဖွံ့ဖြိုး ရှင်သန်လာအောင် မြှင့်တင်ပေးခဲ့ကြပြီး မြန်မာ့ ယဉ်ကျေးမှု အနုပညာ အဖြာဖြာ၏ ခက်မ မဏ္ဍိုင်ကြီး ဖြစ်သည့် မြန်မာ စာပေ နယ်ပယ်ကြီး ဖွံ့ဖြိုး တိုးတက်ရေးကို ရည်သန် မျှော်မှန်းပြီး မြန်မာမှု ၊ မြန်မာ့ ဓလေ့ ၊ မြန်မာ့ အတွေးအမြင်ကို ဖော်ကျူး ထင်ဟပ် နိုင်စွမ်း ရှိသည့် စာကောင်းပေမွန်များကို နိုင်ငံတော် အဆင့် အမျိုးသား စာပေဆု အဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက်တိုင်း မင်္ဂလာ တရားနှင့် အညီ နှစ်စဉ် ချီးမြှောက် ဂုဏ်ပြုနေခြင်းသည် နိုင်ငံတော်၏ မွန်မြတ်လှသည့် အစဉ်အလာကောင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဆုရရှိကြသည့် စာပေ ပညာရှင် အားလုံး အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နှင့် နိုင်ငံ၏ အကျိုး ၊ အများပြည်သူ၏ အကျိုးတို့ အတွက် ကလောင်အစွမ်းဖြင့် ဆထက်ထမ်းပိုး ဆက်လက် သယ်ပိုး နိုင်ကြ ပါစေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တက်ရောက် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ချီးမြှင့်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အမျိုးသား စာပေတစ်သက်တာဆုရှင် စာပေ ပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အမျိုးသား စာပေ တစ်သက်တာဆုများ ရရှိခဲ့ကြသည့် စာရေးဆရာကြီး ဦးတင်မောင်မြင့် နှင့် စာပေ ပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အမျိုးသား စာပေဆု ရရှိသူများ နှင့် စာပေ ဗိမာန် စာမူဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အမျိုးသား စာပေတစ်သက်တာဆုရှင် စာပေ ပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်က “အခုလို ဆုရရှိတဲ့ အတွက် ဝမ်းသာ အားရပါတယ်။နိုင်ငံတော်က ဒီလို ချီးမြှင့်ပြီး စာပေကို မြှောက်စားတဲ့ အတွက် ကျွန်တော် အများကြီးပဲ ဝမ်းသာပါတယ်။သမ္မတကြီး ကိုယ်တိုင် ကြွရောက်လာပြီးတော့ ချီးမြှင့်တဲ့ အတွက်ကြောင့် အင်မတန်မှပဲ ဂုဏ်ယူမိပါတယ်။”ဟု ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် အတွက် ပထမ အကြိမ် ပုံနှိပ် ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၂၀၄၁ အုပ်ထဲမှ အမျိုးသား စာပေဆု အတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၈ ခု အနက် ဘာသာရပ် ၁၀ ခုအား လည်းကောင်း ၊ စာပေ ဗိမာန် စာမူဆုမှာ ပြိုင်ပွဲဝင် စာမူပေါင်း ၂၄၈ စောင် အနက် စာပေ ဗိမာန်ဆု ချီးမြှင့်ရန် သတ်မှတ်ထားသည့် ဘာသာရပ် ၁၃ ခု အနက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၄ စောင်ကို ရွေးချယ်ခဲ့ပြီး ယခု အခမ်းအနားတွင် ဆုများ ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.