Connect with us

Social

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် မွေးနေ့အခမ်းအနား မန္တလေးတွင်ကျင်းပ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် မွေးနေ့အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

မန္တလေး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အဖွဲ့အားလုံး၊ ပုဂ္ဂိုလ်မရွေး လူမျိုး မရွေး ပူးပေါင်း ဝန်းရံကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့နံနက်ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့အခမ်းအနားအပြီးတွင် တိုက်တွန်း ပြောကြားခဲ့သည်။

“အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နောက်ကနေ ကျွန်တော်တို့ မားမားမတ်မတ် ရပ်တည်ပေးဖို့လိုနေပြီ လို့ပြောချင်ပါ တယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် သွားမယ့် လမ်းတစ်လျှောက်မှာ၊ တည်ဆောက်မယ့် လမ်းတစ်လျှောက် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါတယ်။ အဖွဲ့ပေါင်းစုံ၊ အသင်းပေါင်းစုံ ပေါ့နော်။

ပုဂ္ဂိုလ်မရွေး လူမျိုး မရွေး အားလုံး ဝိုင်းဝန်း တည်ဆောက်ပေးကြပါလို့ ဒီနေ့မှာ ဆန္ဒပြုလိုက်ပါတယ်” ဟု ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့အခမ်းအနားအပြီးတွင် ဆင်ဟွာ ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့၊ မင်္ဂလာ မန္တလေးဧရိယာရှိ သီရိ Art Gallery တွင် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ပြီး ဧည့်ခံ ကျွေးမွေးခြင်း နှင့် ပျော်ပွဲရွှင်ပွဲများကို မင်္ဂလာမန္တလေး promotion center တွင် ယနေ့မှစပြီး သုံးရက်တိုင် ပြုလုပ်သွားမည် ဟုသိရသည်။ နိုင်ငံတော် အတိုင်ပင်ခံ၏ မွေးနေ့ပွဲကို မန္တလေးတိုင်းဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ ့၊ သီရိ Art Gallery နဲ့ ရာပြည့် (မန္တလေး) စာအုပ်တိုက် ပိုင်ရှင် ဦးပုညဆွေ ဦးဆောင်တဲ့ အဖွဲ့တို့က အဓိက ဦးဆောင်ပြီး စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် အတူ Unity အလွတ်ပညာသင်ကျောင်း၊ 56 Brother Group အိမ်ခြံမြေ ရောင်းဝယ်ရေး၊ SP (စံပြ) မုန့်တိုက်တို့လည်း ပါဝင်ကြကြောင်း မန္တလေးတိုင်းဒေသကြီး NLD အဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

ယနေ့ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ နှင့် အတူ ရှမ်းတိုင်းရင်းသား၊ ကရင် တိုင်းရင်းသား စသည့် တိုင်းရင်းသား အဖွဲ့တို့ တက်ရောက်ကြပြီး အဆို အကများဖြင့် ပျော်ရွှင်စွာ ပါဝင် ဆင်နွဲှခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.