Connect with us

Social

မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်လေးခုမှ နွေစပါး စိုက်ဧက ကိုးသောင်းကျော် အတွက် ကင်းတားဆည်မှ စိုက်ပျိုးရေ ပေးဝေမည်

ကင်းတားဆည်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက် ဆည်မြို့နယ်နှင့် တံတားဦး မြို့နယ် တို့မှ နွေစပါးစိုက်ဧက ကိုးသောင်း ကျော် အတွက် စိုက်ပျိုးရေများကို ကင်းတားဆည်မှ ပေးဝေ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

နွေစပါးစိုက်ဧက ကိုးသောင်း ကျော်ကို ကင်းတားဆည်မှ ရေအားလျှပ်စစ်ထုတ်ရင်း ရေပေးသွားမည် ဖြစ် ကြောင်း ၊ ဆည်အတွင်း ရေအပြည့်အဝ ရှိနေသဖြင့် နွေစပါးစိုက်ပျိုးရန် ရေ လိုအပ်ချက်ကို အပြည့်အဝ ပေးသွား နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကင်းတားဆည်အတွင်းရှိ ရေသောက် စနစ် သုံးခုအနက် လက်ဝဲမြောင်းမှ နွေစပါး ၄၁ဝ၆၁ ဧကကို လည်းကောင်း၊ လက်ယာမြောင်းမှ နွေစပါး ၂၉၅၉၆ ဧက ကိုလည်းကောင်း၊ ပန်းလောင်မြောင်းမှ နွေစပါး ၂၂ဝ၆၅ ဧကကိုလည်းကောင်း ရေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.