Social
မြန်မာ ကော်ဖီနမူနာ ၅၆ ခုမှာ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံရ
 
																								
												
												
											ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် Winrock International (Value Chain) တို့ ကြီးမှူး ကျင်းပသော ဒုတိယအကြိမ် နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် မြန်မာ ကော်ဖီနမူနာ ၅၆ ခုမှာ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံ ရကြောင်း Winrock International မှ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကော်ဖီနမူနာ ၆ဝ ယှဉ်ပြိုင်ရာ ၅၆ ခုမှာ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ ရပြီး မြန်မာကော်ဖီ ၃၆ တန်ကို အမေရိကန် နိုင်ငံ ဝါရှင်တန် အခြေစိုက် သွင်းကုန် ကုမ္ပဏီ တစ်ခုက ပြည်တွင်း ပျမ်းမျှ ဈေးထက် သုံးဆနီးပါး ပိုမိုပေးချေ ဝယ်ယူရန် သဘောတူ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် အကောင်းဆုံး ကော်ဖီ အရည်အသွေးဆု ရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၁ ရက်က ရှမ်းပြည်နယ် ရွာငံမြို့၌ ကျင်းပခဲ့ပြီး လာမည့်နှစ် များတွင်လည်း နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲများတွင် ဆက်လက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
Winrock International အဖွဲ့သည် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) ၏ ပံ့ပိုး ကူညီမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံမှ ကော်ဖီစိုက် တောင်သူများအား ကူညီနေပြီး ကုန်စည် တန်ဖိုးမြှင့် ကွင်းဆက်များအား တောင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)
